ဒါက Shat Jam လို့ ခေါ်တဲ့ကချင်ရိုးရာဒံပေါက်ထမင်းနယ်ပါ။
မိတ်ဆွေများကို ဒီနေ့တော့ အထူးအဆန်းလေးဖြစ်အောင် Shat Jam လို့ခေါ်တဲ့ ကချင်ရိုးရာ ဒံပေါက်ထမင်းနယ်လေး လုပ်ကျွေးလိုက်ပါတယ်။ ဒီ Shat Jam ထမင်းနယ်ဟာ ကျွန်တော်တို့ ကချင်လူမျိုးတွေအတွက် အထူး မြတ်နိုးဖွယ် ရိုးရာ အစားအစာတစ်ခု ဖြစ်တယ်။ ဒီထဲမှာ ထည့်ရတဲ့ အစာပလာတွေကလည်း များတယ်လေ။ ဒါကြောင့် သိပ်မလုပ်စားဖြစ်ဘူး။ အခုတော့ မြစ်ကြီးနားက သူငယ်ချင်းတစ်ယောက် ကျွန်တော်ကို စိတ်ကောက်နေလို့ စိတ်ကောက်ပြေအောင် Shat Jam လို့ ခေါ်တဲ့ ကချင်ရိုးရာ ဒံပေါက်ထမင်းနယ် လုပ်ကျွေးဖို့ စိတ်ကူးရပြီး လုပ်ဖြစ်သွားတာပါ။ မိတ်ဆွေတို့လည်း မြည်းကြည့်နော်။ အော်ဒါနဲ့ ပြောပြအုံးမယ် သူက ဆရာမလို့ခေါ်တာ မကြိုတ်ဘူးနော...သွားမခေါ်မိစေနဲ့။ နာမည်လေးက Seng Mun လို့ခေါ်တယ်။ အကယ်၍ သူမနဲ့ တွေ့ဖြစ်မယ်ဆို စကားလေး ပါးလိုက်ပါရစေ..... ဓာတ်ပုံနဲ့စာကို လက်ခံရှိတဲ့ အတွက် အတိုင်းမသိ ဝမ်းသာမိကြောင်း၊ စာရေးပို့တိုင်း ကျန်းမားရေး ဂရုစိုက်ဖို့ အမြဲ အသိပေး စိတ်ပူပေးတဲ့ အကြောင်း နောက်ပြီ သူမအတွက် Shat Jam လို့ခေါ်တဲ့ ကချင်ရိုးရာ ဒံပေါက်ထမင်းနယ် ပို့ထားတဲ့ အကြောင်း ပြောပေးပါနော်...
"Shat Jam" ပြုလုပ်နည်းအဆင့်ဆင့်နော်
လုပ်အပ်တဲ့ပစ္စည်းတွေ။
၁. ကြက်သား၊ အမဲသား(သို့) ၀က်သား တစ်မျိုးမျိုး။
၂. ဆန် (ဂျပ်စမင်းဆန်(သို့)ဘတ်စမာတီဆန်) ဆန်ပျော့ကောင်းကောင်းဆိုရတယ်။
၃. ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ဆား၊ ကြက်သားမှုန့်၊ သကြားအနည်းငယ်၊ ဆီ၊ ငရုတ်ကောင်း၊ ငံပြာရည်။
၎. မှိုကပ်ခြောက်၊ မျှစ်ချဉ်ချို နှင့် အခြားအမွှေးအကြိုင်အရွက်၊ ဥပမာ ပင်စိမ်း၊ ဖက်ဖယ်။ မရှိကမထည့်လဲရတယ်။
ကဲ့ စလိုက်ကြရအောင်။
ပထမဆုံး ဆန်ကိုရေဆေးပြီး ပေါင်းအိုးဖြင့်သင့်မယ်.. မိမိလိုအပ်သလောက် ပေါင်းထားပေးပါ။ ဖြစ်နိုင်ရင် ကောက်ညှင်းပေါင်းသလို ဆန်ကိုပေါင်းရပါမယ်။
ကျွန်တော်က ကြက်သားနဲ့ လုပ်တာပါ။ ကြက်သားကို ရေဆေးပြီးပြုတ်မဲ့အိုးထဲထည့်တယ်။ ဆား၊သကြား၊ ကြက်သားမှုန့်အနည်းငယ်၊ ဂျင်းကို ဒါးပြားရိုက်ထည့်၊ ကြက်သွန်ဖြူ ၂ဥကို ဒါးပြားရိုက်ထည့်ပြီး ရေအနည်းငယ်ထည့်တယ်။ ပြီးတော့ ရခန်းအောင်ချက်လိုက်တယ်။ရေခန်းလျှင် ကြက်သားကိုဆယ်ယူပြီး လက်ဖြင့် အသားချောင်းလေးတွေဖြစ်အောင် မွလိုက်တယ်။
ဒါက မှိုကပ်ခြောက်ပါ။ သစ်ပင်တွေပေါ်မှာပဲပေါက်ပါတယ်။ ဒါကတော့ ကချင်ရိုးရာထမင်းနယ်အတွက် မပါမဖြစ်တဲ့ အရာပေါ့။ ဒါကိုရေစိမ်လိုက်ရင် ပွလာမယ်။ ပြီးရင် ရေးဆေးပြီး ဆီအနည်းငယ်နဲ့ ခြောက်ခြောက်လေး ကြော်ထားမယ်။ ကြော်တဲ့အချိန် ဆားထည့်ပါမယ်။
ဒါကမျှစ်ချဉ်ကိုပါးပါးလှီးပြီး ခြောက်ခြောက်လေး ကြော်ထားတာပါ။ ဒီဘက်ကတော့ ကြက်သွန်နီး ပါးပါးလှီးပြီး ကြော်ထားတာပါ။ ကြက်သွန်ဖြူကိုပါ နုတ်နုတ်စဉ်းပြီး ဆီသပ်ထားပါမယ်။
ကချင်ထမင်းနယ်အတွက် လိုအပ်တဲ့ အစာပလာတွေကို စုံအောင်ပြင်ဆင်ထားပြီးပါပြီ။ အရွက်တွေက မစုံလို့ ရှိတာလေးနဲ့ပဲ ပြင်ဆင်ထားတာပါဗျာ။ ကဲ....အခုတော့ ထမင်းနယ်တော့မယ်။ ထမင်းကို ပေါင်းအိုးထဲကနေ နယ်မဲ့အိုးထဲထည့်ပါ။ ပြီးရင် ပြင်ဆင်ထားတဲ့ အစာပလာတွေကို လိုသလိုထည့်။ ကြက်သားမှုန့်ကို ထပ်ထည့်။ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူကြော်ကိုပါ ဆီလေးနဲ့ထည့်နော်။ အပေါ့အငံမြည်းကြည့်။ ပြီးရင် ပန်းကန်လုံးထဲကို နယ်ထားတဲ့ထမင်းတွေ သွပ်ထည့်ပါ။ ပြီးရင်တော့ ကိုယ်စားမဲ့ ပန်းကန်ပြားပေါ် မောက်ထည့်လိုက်ပါ။ ပြီးရင် သခွားသီး၊ ကြက်သွန်မိတ်တို့ကိုပါတင်ပေးပါ။ Shat Jam နဲ့တွဲစားဖို့ ကြက်သားဟင်းရည်ကိုပါ ပြင်ဆင်ထားမယ်။ Kimchi (သို့) သခွားသီးသုပ်ထားမယ်။ ကဲ....အားလုံးပြင်ဆင်ပြီးသွားပါပြီရှင်.... အော်မှားသွားလို့ အားလုံးပြင်ဆင် ပြီးသွားပါပြီဗျား....။
ကဲ..ရပါပြီ..Shat Jam နော် ။ အနှံ့မွှေးကြိုင်ပြီး အဟာရပြည့်ဝတဲ့ ကချင်ဒံပေါက်ထမင်းနယ်ပါဗျား။ ကဲ.....စားဖို့ အဆင်သင့်ပဲ။ ထိုင်စားသွားကြပါဗျား...။ လိုက်ပွဲလည်း ထပ်လုပ်ပေးမယ်.. အ၀ဆွဲသွားကြပါနော်။ ဒါကတော့ အချိုပွဲနော်။
ကိုယ်တိုင်ပြုလုပ်ထားတဲ့ JDonuts မုန့်တွေပါ။
ကဲ..အများကြီးပဲ ထပ်စားနော်။ အိမ်အတွက် ပါဆယ်ပါ ဆွဲခွင့်ပြုတယ်။ စာနေရင်နဲ့ သီချင်း နားထောက်နိုင်အောင် သီချင်း အေးအေးလေးပါ ပို့ထားပေးတယ်နော..... သီချင်းခေါင်းစဉ်လေးက Wonderful tonight တဲ့ Eric Clapton ဆိုထားတာပါ....
သူငယ်ချင်းစိတ်ဆိုးပြေမယ်လို့ မျှော်လင့်ရင်း..... D.H.N
0 comments:
Post a Comment